马宁

၂၀၁၉ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများ ကုန်စည်ပြပွဲ (ရင်းနှီးမြှုပ်နှံရေးနှင့် ကုန်သွယ်ရေး အစည်းအဝေး)ကို ကူမင်းမြို့၌ ဖွင့်လှစ်

(GMT+08:00)2019-06-13 11:22:46  

  ၂၀၁၉ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများ ကုန်စည်ပြပွဲ (ရင်းနှီးမြှုပ်နှံရေးနှင့် ကုန်သွယ်ရေး အစည်းအဝေး)ကို ၁၂ရက်နေ့က တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

  မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ကမ္ဘောဒီးယား ကုန်သွယ်ရေး ဝန်ကြီးဌာန နိုင်ငံတော် အတွင်းရေးမှူး Chhuon Dara၊ ဗီယက်နမ်၊ လာအို၊ မလေးရှား၊ ထိုင်း၊ မြန်မာ နှင့် ဖိလစ်ပိုင် စသော နိုင်ငံများမှ အရာရှိများနှင့် ကောင်စစ်ဝန်ချုပ်များသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ ကြပါသည်။

  ထိုနေ့နံနက်ပိုင်းက သီရိလင်္ကာ နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံတို့သည် နိုင်ငံတော်ပြခန်း ဖွင့်လှစ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။