辛甜

ပရာယွတ်အား အသစ်တစ်ကြိမ်ဝန်ကြီးချုပ်အဖြစ် ထိုင်းဘုရင်တရားဝင်ခန့်အပ်

(GMT+08:00)2019-06-12 10:32:58  

ထိုင်းဘုရင် မာဟာ ဗာဂျီရာလောင်ကွန်းသည် ယခုလ ၁၁ ရက်နေ့က ဘုရင့်အမိန့်ကို ထုတ်ပြန်ပြီး ပရာယွတ်အား ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် တရားဝင် ခန့်အပ်ခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ထိုနေ့ညနေပိုင်းက ပရာယွတ်သည် ဝန်ကြီးချုပ်ရုံး၌ ဘုရင့်အမိန့်ကို လက်ခံပြီး ထိုင်းနိုင်ငံ၏ ၂၉ ကြိမ်မြောက် ဝန်ကြီးချုပ်ရာထူးကို တရားဝင်လက်ခံခဲ့သည်။ယင်းသည် ပရာယွတ်၏ ဝန်ကြီးချုပ်တာဝန်ကို ဒုတိယအကြိမ်အဖြစ် ထမ်းဆောင်ခြင်းဖြစ်သည်။