朱蕾

“တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွား ည”ပြန့်ပွားရေးလှုပ်ရှားမှု လာအို၌ ကျင်းပ

(GMT+08:00)2019-06-10 11:52:49  

တရုတ်-လာအိုခရီးသွားနှစ် လှုပ်ရှားမှု၏ အရေးကြီးအကြောင်းအရာဖြစ်ပြီး၊ တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာန၊ လာအိုနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် လာအိုသတင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာနတို့မှ ပူးတွဲကျင်းပသည့် “တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားည”ပြန့်ပွားရေးလှုပ်ရှားမှုကို ယခုလ ၉ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော် ရှိ အမျိုးသားယဉ်ကျေးမှုနန်းတော်၌ အောင်မြင်စွာ ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာသတင်း ဌာနက ရေးသားဖော်ပြသည်။

တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာန ဒု ဝန်ကြီး ကျန်းရွှိ၊ လာအိုနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းဇိုက်တုန်း၊ လာအိုသတင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီး ဘော်ရှန်ခန်၊ ဒု ဝန်ကြီး ဝန်ထွန်၊ လာအို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အကြီးအကဲများ နှင့် လာအိုဆိုင်ရာ နိုင်ငံခြားသံတမန်များအပါအဝင် လူ ၁၂၀၀ ကျော်တို့သည်၊ ယင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်ဟု သတင်းအရသိရသည်။