徐敏霞

အရှေ့တောင်အာရှနိုင်ငံများက "နိုင်ငံခြား အမှိုက်ပစ်ကွင်းကြီး" ဖြစ်ဖို့ ငြင်းပယ်ကြတယ်

(GMT+08:00)2019-06-10 09:38:57  

နိုင်ငံခြား မီဒီယာများမှ သတင်းအရ၊ ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံက နိုင်ငံခြား အမှိုက်သရိုက်များ တင်သွင်းဖို့ စတင် ပိတ်ပင်ခဲ့တဲ့ နောက်ပိုင်း၊ နိုင်ငံခြား အမှိုက်သရိုက် တော်တော်များများဟာ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ အရှေ့တောင်အာရှ နိုင်ငံများသို့ စတင် ပြောင်းပို့ခဲ့ကြပါတယ်။ မကြာခင်က အရှေ့တောင်အာရှ နိုင်ငံများက "နိုင်ငံခြား အမှိုက်ပစ်ကွင်းကြီး" ဖြစ်ဖို့ ငြင်းပယ်ကြတယ်လို့ ရှင်းလင်းပြတ်သားစွာ အသီးသီး ဖေါ်ပြခဲ့ကြပါတယ်။

မေလ ၃၁ ရက်နေ့ နံနက် လင်းအားကြီးအချိန်မှာ ကနေဒါ အစိုးရ စေလွှတ်တဲ့ ကုန်တင် သင်္ဘော တစ်စင်းဟာ ပြီးခဲ့တဲ့ ၆ နှစ်တုန်းက ဖိလစ်ပိုင်မှာ စုပုံထားတဲ့ အမှိုက် ၆၉ သေတ္တာကို ဖိလစ်ပိုင် မြောက်ပိုင်း စူဘီဂ် ဆိပ်ကမ်းမှ ထွက်ခွါ ပို့ဆောင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့ ကနေဒါ ကြားမှာ တစ်လခွဲကြာကြာ ဖြစ်ပွါးခဲ့တဲ့ "အမှိုက်သမိုင် အရေးအခင်း"ဟာ ယာယီ ပြီးဆုံးသွားပြီလို့ ဆိုနိုင်ပါတယ်။ ဖိလစ်ပိုင်နဲ့ ကနေဒါ နှစ်နိုင်ငံစလုံး ပါရှဲ သဘောတူစာချုပ်ဝင် နိုင်ငံများ ဖြစ်ပြီး အဲဒီစာချုပ်ရဲ့ ရည်မှန်းချက်ဟာ အန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းများနဲ့ တခြား စွန့်ပစ်ပစ္စည်များ နိုင်ငံဖြတ်ကျော် ရွှေ့ပြောင်း ပို့ဆောင်ခြင်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ရွှေ့ပြောင်း ပို့ဆောင်ခြင်းကို ထိန်းချုပ်ဖို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။

စင်ကာပူ လျန်ဟိုကျော်ပို သတင်းစာမှ သတင်းအရ၊ မကြာခင်က မလေးရှား စွမ်းအင်နဲ့ ပတ်ဝန်းကျင် ဝန်ကြီးဌာန ဝန်ကြီးက၊ တန်ချိန် ၃၀၀၀ ကျော် ရှိတဲ့ နိုင်ငံခြား အမှိုက် အားလုံးကို အဲဒီ အမှိုက်များ ပို့လာတဲ့ နိုင်ငံများသို့ ပြန်ပို့မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ နိုင်ငံတွေဟာ ဂျပန်၊ ဗြိတိန်၊ ဆော်ဒီအရေးဗျ၊ ကနေဒါ၊ သြစတြေးလျ၊ အမေရိကန် စတာတွေ ပါဝင်တယ်လို့ သတင်းရရှိပါတယ်။ (ကျော့)