刘晓宇

တရုတ်-မြန်မာ စပါးမျိုးကောင်းမျိုးသန့်ပြုစုပျိုးထောင်ရေး အောင်ကျိုးရလဒ်ရရှိ

(GMT+08:00)2019-06-10 16:59:00  

        တရုတ်နှင့်မြန်မာနိုင်ငံတို့တွင် စပါးစိုက်းပျိုးရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သည့်နိုင်ငံများ ဖြစ်သည့်အတွက် လွန်ခဲ့သည့် ၂ နှစ်အတွင်း လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစနစ်ဘောင်အောက်တွင် နှစ်နိုင်ငံတို့သည် စပါး မျိုးကောင်းမျိုးသန့် ပြုစုပျိုးထောင်ရေးဘက်တွင် ကူးလူးဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ကြသည်။ မကြာခင်ရက်များက မြန်မာ မော်လမြိုင်တက္ကသိုလ်မှ ဒုကျောင်းအုပ်ကြီး ဒေါက်တာ စန်းစန်းအေးကသည် ယင်းတက္ကသိုလ်၌ တရုတ်-မြန်မာ စပါး မျိုးကောင်းမျိုးသန့် ပြုစုပျိုးထောင်ရေးလုပ်ငန်း အောင်ကျိုးရလဒ်များဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ဒေါက်တာ စန်းစန်းအေးက တရုတ်အစိုးရကို ကျေးဇူးအများကြီးတင်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး သိပ္ပံနည်းပညာသည် အလွန်နောက်ကျပြီး တရုတ်ပြည်ဘက်က လွန်စွာ အကူအညီပေးခဲ့ကြောင်း၊ ယခုအကြိမ် စပါး မျိုးကောင်းမျိုးသန့် ပြုစုပျိုးထောင်ရေး အောင်မြင်မှုရရှိနိုင်လျှင် ဒေသခံ လယ်သမားများ စိုက်ပျိုးကြရန် တွန်းအားပေးမည်ဖြစ်ကြောင်း၊ လယ်သမားများသည် ဝင်ငွေ များပြားလာပြီး ဆင်းရဲမွဲတေမှုပပျောက်မျည်ဖြစ်ကြောင်း၊ မိမိတို့၏ အဓိက ရည်မှန်းချက်သည် ဆင်းရဲမွဲတေမှုပပျောက်ရေးပင်ဖြစ်ကြောင်း ပြောကြားသည်။