朱蕾

ဆက်တိုက်ဖွံ့ဖြိုးရေးဆိုင်ရာ ဖိုရမ် စင်ကာပူနိုင်ငံ၌ ကျင်းပ

(GMT+08:00)2019-06-10 11:52:02  

စင်ကာပူ ကုန်သွယ်ရေးကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအဖွဲ့မှ ကျင်းပသည့် ၂၀၁၉ခုနှစ် Future China နိုင်ငံတကာဖိုရမ်ကို ယခုလ ၇ ရက်နေ့က စင်ကာပူ ၌ ဖွင့်လှစ်ခဲ့ရာ၊ အစည်းအဝေးတက်ရောက်သူများသည်၊ တစ်ကမ္ဘာလုံး ဆက်တိုက်ဖွံ့ဖြိုး ရေးအပါအဝင် အကြောင်းအရာများနှင့် စပ်လျဉ်း၍ နှီးနှောဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

ယခု အကြိမ်ဖိုရမ်၏ ဆောင်ပုဒ်မှာ  ကမ္ဘာ့အခြေအနေသစ်ကို အတူတိုင်ပင်ဆွေးနွေး ပြီး၊ ဆက်တိုက်ဖွံ့ဖြိုးရေးကို တွန်းအားပေးကြ ဟူ၍ဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးနှင့် ကုန်သွယ် ရေးလောကမှ ပုဂ္ဂိုလ် ၅၀၀နီးပါး တက်ရောက်ခဲ့ကြပြီး၊ ဆက်တိုက်ဖွံ့ဖြိုးရေး၊ Belt and Road တည်ဆောက်ရေး၊ ကွမ်တုန်း-ဟောင်ကောင်-မကာအိုဒေသကြီးနှင့် အရင်းမပျောက် မြစိမ်း ရောင်စီးပွားရေးလုပ်ငန်းစသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ တိုင်ပင်ဆွေးနွေးခဲ့ကြ သည်ဟု သတင်းအရသိရသည်။