张晓宁

တရုတ်ရှန်းရှီးပြည်နယ်တာထွန်မြို့မှ ကမ္ဘောဒီးယားသို့ တက်ရိုက်ပျံသန်းသောစင်းလုံးငှား ခရီးသွားလေကြောင်းလိုင်းဖွင့်လှစ်

(GMT+08:00)2019-06-10 12:19:03  

ယမန်နေ့ ၉ရက်နေ့က တရုတ်ရှန်းရှီးပြည်နယ် ပေါင်ဟွာနိုင်ငံတကာ ခရီးသွားလာရေးအေဂျင်စီမှ သတင်းအရ ရှန်းရှီးပြည်နယ်တာထွန်မြို့ ယွင်ကောင်လေဆိပ်တွင် ကမ္ဘောဒီးယားသို့ တက်ရိုက်ပျံသန်းသောစင်းလုံးငှား ခရီးသွားလေကြောင်းလိုင်းကို ဖွင့်လှစ်ပြီဖြစ်ကြောင်း၊ ပေါင်ဟွာနိုင်ငံတကာ ခရီးသွားလာရေးအေဂျင်စီနှင့် ကမ္ဘောဒီးယားနိုင်ငံလန်ချမ်း-မဲခေါင်လေကြောင်း ကုမ္ပဏီတို့လက်တွဲပြီး ယင်းလေကြောင်းလိုင်းကိုဖွင့်လှစ်သည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။