ကုလသမဂ္ဂ ညီလာခံကို မကြာခင်ရက်များက ကျင်းပခဲ့ရာ အက်စတိုးနီးယား၊ နိုင်ဂျာ၊ စိန့်ဗင်းဆင့်နှင့် ဂရင့်နာဒီး၊ တူနီးရှားနှင့် ဗီယက်နမ် အပါအဝင် နိုင်ငံ၅ နိုင်ငံတို့ကို ၂၀၂၀ခုနှစ်နှင့် ၂၀၂၁ခုနှစ် လုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်သော် အဖွဲ့ဝင်နိုင်ငံအဖြစ် ရွေးချယ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံရှိကြောင်း၊ ၄င်းအနက် တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်တို့သည့် အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ကျန် ၁၀ နိုင်ငံသည် အမြဲတမ်းမဟုတ်သော် အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ အမြဲတမ်းမဟုတ်သော် အဖွဲ့ဝင်နိုင်ငံများ၏ သက်တမ်းမှာ ၂ နှစ်ဖြစ်ပြီး နှစ်စဉ် ရွေးကောက်ပွဲဖြင့် နိုင်ငံ ၅ နိုင်ငံကို ပြောင်းလဲရွေးချယ်ကြောင်း သတင်းအရ သိရပါသည်။