张晓宁

တရုတ်-ဖိလစ်ပိုင်ချစ်ကြည်ရေးပန်းကို မြတ်နိုးထားပြုစုရန် လိုကြောင်း ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံရုံးမှ ယာယီတာဝန်ခံဆို

(GMT+08:00)2019-06-10 12:18:38  

ယခုလ၈ရက်နေ့ညက ဖိလစ်ပိုင်-တရုတ်အလွှာပေါင်းစုံအသင်းချုပ်ကော်မရှင်အသစ် ရာထူးစတင်းထမ်းဆောင်ပွဲအခမ်းအနားတွင်  ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံရုံးမှ ယာယီတာဝန်ခံ ထမ်ကျင်းရှန်းသည် အခမ်းအနားသို့တက်ရောက်ရာ၌ မိန့်ခွန်းစကားပြောကြားခဲ့ရာ လက်ရှိ တရုတ်-ဖိလစ်ပိုင်ချစ်ကြည်ရေး ပတ်ဝန်းကျင် ရရှိခြင်းသည် လွယ်သည်အဟုတ်ကြောင်း၊ တရုတ်-ဖိလစ်ပိုင်ချစ်ကြည်ရေးပန်းကို နှစ်ဖက်တို့မြတ်နိုးပြုစုရန်လိုကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

 ထမ်ကျင်းရှန်းသည် ဖိလစ်ပိုင်-တရုတ်အလွှာပေါင်းစုံအသင်းချုပ်တည်ထောင်သည့် ၄၂နှစ်အတွင်း ဖိလစ်ပိုင်ရှိတရုတ်အနွယ်ပွားများအား ဝန်ဆောင်မှုပေးခြင်း၊ တရုတ်အနွယ်ပွားများ၏ တရားဝင်အခွင့်အရေးများရရှိအောင်ကြိုးပမ်းခြင်း၊ ဖိလစ်ပိုင်ပင်မ လူ့အဖွဲ့အစည်းသို့ ပါဝင်ခြင်းစသည့်နယ်ပယ်များတွင် ထူးချွန်သော အောင်ကြိုးရလာဒ်များကို ရရှိပြီး နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုနေကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။