张晓宁

တရုတ်-ကမ္ဘောဒီးယားယဉ်ကျေးမှုခရီးသွားလာရေးဆိုင်ရာ ချစ်ကြည်ရေး ကူးလူးဖလှယ်မှု အစည်းအဝေးကျင်းပ

(GMT+08:00)2019-06-06 16:58:41  

ဒေသစံတော်ချိန် ယမန်နေ့၅ရက်နေ့ ညနေပိုင်းက တရုတ်-ကမ္ဘောဒီးယားယဉ်ကျေးမှုခရီးသွားလာရေးဆိုင်ရာချစ်ကြည်ရေး ကူးလူးဖလှယ်မှု အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်တွင် ကျင်းပခဲ့သည်။ တရုတ်ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုဝန်ကြီး ကျန်းရှို၊ ကမ္ဘောဒီးယားဆိုင်ရာ တရုတ်သံအမတ်ကြီး ယမ်ဝန်ထျန်း၊ ကမ္ဘောဒီးယား ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ထွန်ခွင်၊ ကမ္ဘောဒီးယား-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌအယ်စိန်အော်နှင့် တရုတ်-ကမ္ဘောဒီးယားနှစ်နိုင်ငံ ယဉ်ကျေးမှု ခရီးသွားလာရေးလုပ်ငန်းဌာနများမှ ကိုယ်စားလှယ်များသည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ကျန်းရှိုက ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းလုပ်ကိုင်သူများနှင့်အတူ အာရှခရီးသွား လုပ်ငန်းတိုးတက်စေရေးအစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လိုကြောင်း၊ နှစ်ဖက်နိုင်ငံ၏ ပိုမိုများမြားသောခရီးသွားများ အပြန်အလှန်ခရီးသွားလာ၍ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး အဆင့်တိုးမြှင့်ပြီး ယဉ်ကျေးမှုနှင့် ခရီးသွားဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကို နှစ်နိုင်ငံဆက်ဆံရေးတွင် လူအများအာရုံစိုက်ရသောအချက်သစ်ဖြစ်စေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟုသတင်းအရ သိရပါသည်။