朱蕾

တရုတ်-မြန်မာ ခရီးသွားနှင့် ယဉ်ကျေးမှု သီတင်းပတ်လှုပ်ရှားမှု မြန်မာတွင် ဖွင့်လှစ်

(GMT+08:00)2019-06-05 15:34:13  

တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာနမှ ဦးစီးကျင်းပသည့် ၂၀၁၉ခုနှစ် တရုတ် ခရီးသွားနှင့် ယဉ်ကျေးမှု သီတင်းပတ်လှုပ်ရှားမှုကို ယခုလ ၃ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

图片默认标题_fororder_1

တရုတ်-မြန်မာ ခရီးသွားနှင့် ယဉ်ကျေးမှု သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယခုလ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ရာ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး၊ ယူနန်ပြည်နယ်အစိုးရ၊ မြန်မာသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်၊ မြန်မာခရီးသွားနှင့် ယဉ်ကျေးမှု လုပ်ငန်းဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၀၀ ကျော်တို့ တက်ရောက်ခဲ့ကြသည်။

图片默认标题_fororder_3

图片默认标题_fororder_4

ယခုအကြိမ် လှုပ်ရှားမှုတွင် တရုတ်-မြန်မာ ခရီးသွားဓာတ်ပုံပြပွဲ၊ အနုပညာ တင်ဆက် ပြသမှု၊ ခရီးသွားနှင့် ယဉ်ကျေးမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ပါဝင်ကြသည်ဟု သတင်းအရ သိရသည်။