辛甜

တရုတ်နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်နှစ် အထိမ်းအမှတ်လှုပ်ရှားမှု အမှတ်တံဆိပ်ကို ထုတ်ပြန်

(GMT+08:00)2019-06-04 11:22:16  

  

图片默认标题_fororder_70

မကြာခင်က တရုတ်နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်နှစ် အထိမ်းအမှတ်လှုပ်ရှားမှု အမှတ်တံဆိပ်ကို ထုတ်ပြန်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရ သည်။

ယင်းလှုပ်ရှားမှုအမှတ်တံဆိပ်သည် ဂဏန်း ၇၀ ၊ ကြယ် ၅ ပွင့်နိုင်ငံတော်တံဆိပ်၊ ထျန်အန်မိန်ရင်ပြင်စသည်တို့ပါဝင်ကြောင်း သိရသည်။

လှုပ်ရှားမှုအမှတ်တံဆိပ်ကို ဒေသအရပ်ရပ်၊ ဌာနအသီးသီးတို့ ကျင်းပသော တရုတ်ပြည်သူ့သမ္မတ နိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့်နှစ် အထိမ်း အမှတ်လှုပ်ရှားမှုနှင့် အသိပညာပေးလှုပ်ရှားမှုဆိုင်ရာပစ္စည်းများထုတ်လုပ်မှုများတွင် အသုံးပြု၍ရကြောင်း သိရသည်။