张晓宁

တရုတ်ကျန်းရှီးပြည်နယ်နန်ချန်းမြို့မှ ကမ္ဘောဒီးယားသီဟာနုသို့ ပထမဆုံးတိုက်ရိုက်ပျံ လေကြောင်းလိုင်းဖွင့်လှစ်

(GMT+08:00)2019-06-03 15:11:33  

ယခုလ၁ရက်နေ့ နေ့လယ်က ကမ္ဘောဒီးယားသီဟာနုမှ တရုတ်နန်ချန်းမြို့ရှိ ချန်းပေနိုင်ငံတကာလေဆိပ်သို့ LQ836လေယာဉ်အောင်မြင်စွာဆင်းသက်ခဲ့ကြောင်း၊ ယင်းသည် နန်ချန်းမှ သီဟာနုသို့ အသွားအပြန်တိုက်ရိုက်လေကြောင်းပျံသန်းမှု တရားဝင်ဖွင့်လှစ်သည့် သဘောဆောင်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ကျန်းရှီးပြည်နယ်လေဆိပ်ကုမ္ပဏီအုပ်စုမှ သက်ဆိုင်ရာဝန်ထမ်းတစ်ဦးက ကမ္ဘောဒီးယားသည် “Belt and Road”တစ်လျှောက်ရှိအရေးကြီးနိုင်ငံအနေနှင့် တရုတ်နှင့် အရှေ့တောင်အာရှအကြား အရေးပါသော ကုန်စည်ပို့ဆောင်ရေးအတွက် သော့ချက်ကျသည့် နေရာနှင့် ရည်ရွယ်ရာဈေးကွက်ဖြစ်ကြောင်း၊ ယခုနှစ်များတွင် ကမ္ဘောဒီးယား စီးပွားရေးတိုးနှုန်း လျင်မြန်ပြီးဈေးကွက် အင်အားကြီးမားလာသဖြင့် ယင်းလေကြောင်းလိုင်း ဖွင့်လှစ်ခြင်းသည် ကျန်းရှီးနှင့် ကမ္ဘောဒီးယားအကြား ဝန်ထမ်းများနှင့် စီးပွားကုန်သွယ်ရေးကူးလူးဆက်ဆံမှုအတွက် လွန်စွာအကျိုးပြုနိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။