张晓宁

ယခုနှစ်ပထမ၅လပိုင်းတွင် သဘာဝဘေးအန္တရာယ်ကြောင့် ကမ္ဘောဒီးယား၌ ဒဏ်ရာရရှိသူနှင့် သေဆုံးသူ ၁၀၀ကျော်ရှိ

(GMT+08:00)2019-06-03 15:12:11  

ယခုလ၁ရက်နေ့က ကမ္ဘောဒီးယားအမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ အချက်အလက်တွင် ယခုနှစ်ပထမ၅လပိုင်းတွင် လေပြင်းနှင့် မိုးကြိုးမှုစသော ဆိုးရွားသည့် ရာသီဥတုကြောင့် တစ်နိုင်ငံလုံးတွင် ဒဏ်ရာရရှိသူနှင့် သေဆုံးသူ ၁၄၀ရှိကြောင်း၊ ၎င်းအနက် လူ၄၆ဦးသေဆုံးပြီး လူ၉၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။