မကြာခင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟုန်လျန့်နှင့် ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့သည် ရန်ကုန်မြို့ရှိ ပထမဦးဆုံး တရုတ်-မြန်မာချစ်ကြည် ရေးဆေးရုံဖြစ်သည့် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ အတူတူ လည်ပတ်ကြည့်ရှုခဲ့သည်။ ဟုန်လျန့်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ တတိယခု တရုတ်-မြန်မာ ချစ်ကြည်ရေးဆေးရုံကို ရန်ကုန်ဆင်မြေဖုံးတွင် တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။
ဒေါ်ခင်ကြည်ဆေးရုံကို ၁၉၄၇ခုနှစ်က တည်ထောင်ခဲ့ပြီး ၂၀၁၆ခုနှစ်နှစ်ကုန်တွင် တရုတ်ဘက်သည် ယင်းဆေးရုံကို ပြုပြင်မွမ်းမံခဲ့သည်။ ယင်းသည် ပထမဦးဆုံး တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံဖြစ်သည်။
၂၀၁၉ခုနှစ် မေလက ဒုတိယမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေးဆေးရုံဖြစ်သည့် နတ်မောက်ပြည်သူ့ဆေးရုံ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံရေးလုပ်ငန်းကို တရုတ်ဘက်၏ ကူညီထောက်ပံ့မှုဖြင့် ပြီးဆုံးခဲ့ပါသည်။