朱蕾

၂၀၁၉ "Chinese Bridge" ကမ္ဘာ့တက္ကသိုလ်ကျောင်းသားများ တရုတ်ဘာသာစကား ပြိုင်ပွဲ ရန်ကုန်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

(GMT+08:00)2019-06-02 13:36:59  

၁၈ ကြိမ်မြောက် "Chinese Bridge" ကမ္ဘာ့ တက္ကသိုလ်ကျောင်းသားများ တရုတ် ဘာသာစကားပြိုင်ပွဲ ရန်ကုန်ပြိုင်ပွဲဇုံ နောက်ဆုံးဗိုလ်လုပွဲကို  ယခုလ ၁ ရက်နေ့ နံနက်ပိုင်း က မြန်မာနိုင်ငံ ရန်ကုန်မြို့တော်ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ယာယီ သံအမတ်ကြီး လီရှောက်ယန့်က ပြိုင်ပွဲသို့ တက်ရောက်ပြီး၊ လက်ရွေးစင်များအတွက် ဆုချီးမြှင့်ပေးခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။