马宁

တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီး ဝေ့ဖုန်ဟိုသည် ၁၈ကြိမ်မြောက် Shangri-la ဆွေးနွေးပွဲသို့ တက်ရောက်မည်

(GMT+08:00)2019-05-31 09:42:29  

  တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေ့ဖုန်ဟိုသည် ဖိတ်ကြားချက်အရ စင်္ကာပူနိုင်ငံ၌ ကျင်းပမည့် ၁၈ကြိမ်မြောက် Shangri-la ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းအတောအတွင်း ဝေ့ဖုန်ဟိုသည် “တရုတ်နှင့် နိုင်ငံတကာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု”နှင့်ပတ်သက်၍ မိန့်ခွန်းပြောကြား မည်ဖြစ်ပြီး နိုင်ငံခြား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ကျယ်ပြန့်စွာ ဆွေးနွေးဖလှယ်မည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဝူချမ်းက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည်ဟု စီအာအိုင်သတင်း အရ သိရပါသည်။