辛甜

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် CDMIG ကုမ္ပဏီ နှင့် ရွှေသံလွင် ကုမ္ပဏီ နားလည်မှု စာချွန်လွှာ ရေးထိုး

(GMT+08:00)2019-05-30 15:36:21  

图片默认标题_fororder_qian

မေလ ၂၉ ရက်တွင် Chinese Documentary Media Industry Group (CDMIG) နှင့် ရွှေသံလွင် ကုမ္ပဏီ တို့သည် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် နှင့် တရုတ်မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး တိုးမြှင့်နိုင်စေရန် အတွက် ရည်ရွယ်၍ ရန်ကုန်မြို့၌ နားလည်မှုစာချွန်လွှာကို  လက်မှတ်ရေးထိုး ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည်။

图片默认标题_fororder_qian2

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကား ပြောကြားရာတွင် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် မြန်မာ နိုင်ငံ အစိုးရ ၏ အဓိက ကျသည့် စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်ကြောင်း ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါက ၄င်းနှင့် ဆက်စပ်သည့် အခြား လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်မှု ရရှိစေမည် ဖြစ်သည့် အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ အနေဖြင့် ထောက်ခံအားပေး ကြောင်း ၊ ယခု နားလည်မှု စာချွန်လွှာ က မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူ ဖြစ်စေရန် ဆန္ဒပြုကြောင်း ပြောကြား ခဲ့သည်။

图片默认标题_fororder_qian3

CDMIG ကုမ္ပဏီ ဥက္ကဋ္ဌ Mrs. Zhao Wei  က နှုတ်ခွန်းစကား ပြောကြားရာတွင် CDMIG ကုမ္ပဏီ အနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ (Belt and Road) တည်ဆောက်မှု အတွက် အမြဲ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး လမ်းကြောင်း တစ်လျှောက် နိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကာ အထူးသဖြင့် မြန်မာ နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုများ တွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ၊ ယခု လက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာ မှ တစ်ဆင့် မြန်မာ နိုင်ငံ ၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ဘက်စုံတွန်းအားပေး ဆောင်ရွက်သွားမည်  ဖြစ်ပြီး တရုတ်-မြန်မာ ယဉ်ကျေးမှု နှင့် စီးပွားရေး နယ်ပယ် ပူးပေါင်းဖလှယ်မှု အတွက် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

图片默认标题_fororder_qian4

ရွှေသံလွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်း က အမှာစကား ပြောကြားရာတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ နှင့် မြန်မာ-တရုတ် စီးပွားရေး စင်္ကြံတည်ဆောက်ရေး လုပ်ငန်း တွင် နှစ်နိုင်ငံ အစိုးရ အကြား ပူးပေါင်းဆောင်ရွက်မှုများ သာမက အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှုများလည်း တည်ရှိကြောင်း ၊ ယနေ့ ရေးထိုးသည့် နားလည်မှု စာချွန်လွှာ မှ တစ်ဆင့် တရုတ် နိုင်ငံ မှ အဆင့်မြင့် ခရီးသွား ဧည့်သည်များနှင့် ကုန်သည်လုပ်ငန်းရှင် များစွာ မြန်မာ နိုင်ငံ သို့ ၀င်ရောက်လာမည် ဖြစ်ပြီး မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်းရုံသာမက အခြင်းလုပ်ငန်းကဏ္ဍ အတွက် ရင်းနှီးမြှုပ်နှံမှု နှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ဖြစ်ထွန်းစေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

图片默认标题_fororder_qian1

ယခု လက်မှတ်ရေးထိုး ခဲ့သည့် နားလည်မှု စာချွန်လွှာ သည် Chinese Documentary Media Industry Group (CDMIG) ကုမ္ပဏီ လက်အောက်ရှိ Beijing Tancheng International Travel Service ကုမ္ပဏီ နှင့် ရွှေသံလွင် ကုမ္ပဏီ လက်အောက်ရှိ Mandala ကုမ္ပဏီ တို့အကြား ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ ဖြစ်ပါသည်။