张晓宁
Sunday, 25  may 2025

၂၀၁၉ခုနှစ်မဲခေါင်မြစ်ခရီးသွားလုပ်ငန်းဖိုရမ်ကို တရုတ်ပြည်တာလီမြို့တွင် ဖွင့်လှစ်

(GMT+08:00)2019-05-29 15:19:36  

ယမန်နေ့ ၂၈ရက်နေ့က  ၂၀၁၉ခုနှစ်မဲခေါင်မြစ်ခရီးသွားလုပ်ငန်းဖိုရမ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့တွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်မှ အစိုးရအရာရှိ၊ ပညာရှင်နှင့် ခရီးသွားလုပ်ငန်းကုန်သည် ၂၀၀ခန့်သည် အစည်းအဝေးသို့တက်ရောက်ခဲ့ကြပြီး ဒေသတွင်းခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

  တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုဝန်ကြီး ကျန်းရှိုက ယင်းဖိုရမ်မှတစ်ဆင့် ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးအားပြည့်ပြုလုပ်ပြီး ဒေသတွင်းခရီးသည်များ အပြန်အလှန် သွားလာမှုတိုးမြှင့်ကာ ပြင်ပဒေသအား ကမ္ဘာနိုင်ငံအသီးသီးက မိတ်ဆက်ဖြန့်ချိခြင်းဖြင့် မဲခေါင်မြစ်ဒေသကို ပိုမိုသိရှိနားလည်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။