马宁

ကုလ အာရှနှင့်ပစိဖိတ် စီးပွားရေး နှင့် လူမှုရေး ကော်မတီ ၇၅ကြိမ်မြောက် နှစ်ပတ်လည် ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ

(GMT+08:00)2019-05-29 11:01:04  

  ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ် စီးပွားရေး နှင့် လူမှုရေး ကော်မတီ၏ ၇၅ကြိမ်မြောက် နှစ်ပတ်လည်စည်းဝေးပွဲ၏ ဝန်ကြီးအဆင့် အစည်းအဝေးကို မေလ ၂၇ရက်နေ့ နှင့် ၂၈ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးကို ကျင်းပရာ အတောအတွင်း တရုတ်နိုင်ငံမှ တင်ပြသော ကမ်းလှမ်းချက်များသည် ဘက်အသီးသီးတို့၏ တက်ကြွသော တုံ့ပြန်မှုများ ရရှိခဲ့သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူ လူခမ်းက ၂၈ရက်နေ့က ပြောကြားခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

  ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ် စီးပွားရေး နှင့် လူမှုရေး ကော်မတီသည် ကုလသမဂ္ဂမှ သြဇာညောင်းမှုအရှိဆုံးသော ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဌာနဖြစ်ကြောင်း၊ ယခုနှစ် နှစ်ပတ်လည်အစည်းအဝေး၏ ဆောင်ပုဒ်မှာ “ပြည်သူများ၏ စွမ်းအင်ကို တိုးမြှင့်ပြီး သက်ညှာထောက်ထားမှု နှင့် တန်းတူညီမျှရေးကို အာမခံပေးခြင်း” ဖြစ်ကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး လက်ထောက် ကျန်းကျွင်းသည် တရုတ် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း၊ သတင်းရရှိ ပါသည်။