朱蕾

၁၈ ကြိမ်မြောက် Chinese Bridge ကမ္ဘာ့တက္ကသိုလ်ကျောင်းသားများ တရုတ်ဘာသာ စကား ပြိုင်ပွဲ ကမ္ဘောဒီးယားပြိုင်ပွဲဇုံ ဖိုင်​နယ်​ပွဲ အောင်မြင်စွာ ကျင်းပ

(GMT+08:00)2019-05-29 14:44:15  

၁၈ ကြိမ်မြောက် Chinese Bridge ကမ္ဘာ့တက္ကသိုလ်ကျောင်းသားများ တရုတ်ဘာသာ စကား ပြိုင်ပွဲ ကမ္ဘောဒီးယားပြိုင်ပွဲဇုံ ဖိုင်နယ်ပွဲကို ယခုလ ၂၈ ရက်နေ့က ဖနွမ်းပင်မြို့တော်၌ ကျင်းပခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

ကမ္ဘောဒီးယား ဘုရင့်သိပ္ပံပညာတံခွန်အသင်း ဒုအတွင်းရေးမှူးချုပ် Chour Chandary က ကမ္ဘောဒီးယား-တရုတ် ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးသည် တစ်နေ့တခြားများပြားလာခဲ့ပြီး၊ ကမ္ဘောဒီးယားတိုးတက်ဖွံ့ဖြိုးရေးသည်၊ ပိုမိုများပြားသော အဆင့်မြင့်တရုတ်ဘာသာကျွမ်းကျင်သူများလိုအပ်ပါကြောင်း မိန့်ခွန်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။