张晓宁

နိုင်ငံတကာဆေးပညာယဉ်ကျေးမှုနှင့် နည်းပညာသစ်များထိပ်သီးဖိုရမ်ကို ထိုင်းတွင်ကျင်းပ

(GMT+08:00)2019-05-28 15:35:31  

  ယမန်နေ့ ၂၇ရက်နေ့က တရုတ်နိုင်ငံတကာယဉ်ကျေးမှုဖြန့်ချိရေးစင်တာနှင့် ထိုင်း-တရုတ်ယဉ်ကျေးမှုတိုးမြှင့်ရေးကော်မတီတို့ ကြီးမှူးကျင်းပသော ပထမအကြိမ် ”နိုင်ငံတကာဆေးပညာယဉ်ကျေးမှုနှင့် နည်းပညာသစ်များထိပ်သီးဖိုရမ်”ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ကြောင်း၊ နှစ်နိုင်ငံဆေးပညာနယ်ပယ်မှ ပုဂ္ဂိုလ်များသည် ရိုးရာဆေးပညာယဉ်ကျေးမှုနှင့် ဆေးပညာဆန်းသစ်တီထွင်မှုစသော အကြောင်းများနှင့်ပတ်သက်၍ နက်ရှိုင်းစွာဆွေးနွေးဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

  ထိုင်းဒုဝန်ကြီးချုပ်ဝေဆာနုက ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ တရုတ်ဆေးပညာယဉ်ကျေးမှုသည် ထိုင်းနိုင်ငံတွင် ရေပန်းစားကြောင်း၊ ပိုမိုများပြားသည့် ယင်းဖိုရမ်မျိုးကို ကျင်းပမြည်ဖြစ်ပြီး လေ့လာရေးနှင့်ကူးလူးဖလှယ်ရေးတွင် ရရှိသောတိုးတက်အောင်မြင်မှုများကိုအသုံးပြုပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်၍ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဆောင်ပေးရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟုသတင်းအရ သိရပါသည်။