张晓宁

တရုတ်-မလေးရှားသံတမန်ဆက်ဆံရေးထားရှိသော၄၅နှစ်ပြည့်အထိမ်းအမှတ်ဧည့်ခံပွဲကို ကွာလာလမ်ပူမြို့တွင်ကျင်းပ

(GMT+08:00)2019-05-28 15:34:34  

ယမန်နေ့၂၇ရက်နေ့က မလေးရှားဆိုင်ရာတရုတ်သံရုံးမှ တရုတ်-မလေးရှားသံတမန် ဆက်ဆံရေးထားရှိသော၄၅နှစ်ပြည့်အထိမ်းအမှတ်ဧည့်ခံပွဲကို ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည်။ မလေးရှားဆိုင်ရာတရုတ်သံအမတ်ကြီး ပိုင်ထျန်းက နှစ်နိုင်ငံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များ၏ ကြိုးစားမှုမှတစ်ဆင့် တရုတ်-မလေးရှားဆက်ဆံရေးသည် ပိုမိုကျယ်ပြန့်သည့် ရှေ့အလားအလာရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။ 

ဧည့်ခံပွဲသို့တက်ရောက်သောမလေးရှားနိုင်ငံခြားရေးဝန်ကြီး စယ်ဗတင်က မလေးရှား-တရုတ်ချစ်ကြည်ရေး သမိုင်းကြာရှည်ပြီး နှစ်နိုင်ငံအပြန်အလှန်သိရှိနားလည်၍ ဖွံ့ဖြိုးတိုးတက်မှု အောင်ကျိုးရလာဒ်များကို အတူမျှဝေခံစားကြကြောင်း၊ ယခုနှစ်များတွင် နှစ်ဖက်တို့သည် နယ်ပယ်အသီးသီး၌ ဆက်ဆံမှုကောင်းမွန်လျင်မြန်စွာတိုးတက်၍ နှစ်ဖက်ပြည်သူများအတွက် အကျိုးများကိုဆောင်ကြဉ်းလာကြောင်း၊ လာမည့်နှစ်သည် မလေးရှား-တရုတ်ယဉ်ကျေးမှု ခရီးသွားနှစ်ဖြစ်သဖြင့် နှစ်ဖက်ပြည်သူများ ကူးလူးဖလှယ်မှုနှင့် သိရှိနားလည်မှုထပ်ဆင့်တိုးပွားစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။