ချုံချင့်မြို့ ခိုင်ကျိုးမြို့နယ်ဟာ တောင်တန်းဒေသဖြစ်ပြီး ချုံချင့်မြို့တွင် အတော်ဆင်းရဲတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်တွင် ဆင်းရဲမှု ပပျောက်ခဲ့တယ်။ ခိုင်ကျိုးမြို့နယ်မှာ ရှူထိန် သိပ္ပံနည်းပညာလီမိတက်ကုမ္ပဏီဆိုတဲ့ ကုမ္ပဏီတစ်ခုရှိပြီး စမတ် စာသင်ကျောင်း စက်ကိရိယာ သုတေသနပြုမှု၊ ထုတ်လုပ်မှု၊ ရောင်းချမှုနဲ့ ဝန်ဆောင်မှုများကို သီးသန့်လုပ်ဆောင်တဲ့ ကုမ္ပဏီတစ်ခုပါ။ ဒါဟာ ဒီနှစ်တွင် အသက် ၄၂ နှစ်ရှိပြီဖြစ်သော ၄င်းကုမ္ပဏီက မန်နေဂျာချုပ် ထူကျားယောက် ၂၀၁၇ခုနှစ် အောက်တိုဘာလက ဇာတိရွာကို ပြန်ပြီး တည်ထောင်တဲ့ကုမ္ပဏီပါ။
မိမိက ငွေရင်းသိန်း၂၀၀ဖြင့် ကုမ္ပဏီကို တည်ထောင်တဲ့အကြောင်းရင်းကို ပြောကြားရာမှာ ထူကျားယောက်က မိမိဟာ အရင်တုန်းက တောင်ပိုင်းဒေသမှာ အီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်ရေးနဲ့ စီမံခန့်ခွဲရေးလုပ်ငန်းကို လုပ်ဆောင်ကြောင်း၊ ၂၀၁၃ခုနှစ်မှာ ချုံချင့်မြို့ ချင်ခိုခရိုင် မြင်ကျုံရွာ ယဲ့မိုက် မူလတန်းကျောင်းကို သွားတဲ့အခါ စာသင်ခန်းထဲမှာ ကျောက်သင်ပုန်းနဲ့ မြေဖြူခဲပဲ ရှိတာတွေ့တော့ တော်တော်စိတ်တုန်လှုပ်ခဲ့ကြောင်း၊ ခုခေတ်ဟာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်တဲ့ 2.0 ခေတ်ဖြစ်ပေမဲ့ ချောင်ကျဝေးလံတဲ့ ဆင်းရဲဒေသတစ်ချို့မှာ ကလေးတွေ စာသင်တဲ့ စက်ကိရိယာဟာ မိမိကျောင်းတက်ချိန်တုန်းကနဲ့ အတူတူပဲဖြစ်ကြောင်း၊ ဒါကြောင့် ဇာတိကို ပြန်ပြီး ခိုင်ကျိုးမြို့နယ်က ပညာရေးအတွက် တတ်နိုင်သလောက် အကျိုးဆောင်မှာဖြစ်ကြောင်း သတင်းထောက်ကို ပြောကြားတယ်။
ကျုံရှင်အလယ်တန်းကျောင်း ဒုတိယတန်းကျောင်းသားဟွမ်ဟိုင်လဲ့က electronic whiteboard ဟာ မိမိအတွက် တော်တော်အကျိုးသက်ရောက်ပြီး မိမိနဲ့ ကျောင်းနေဘက်တို့ရဲ့ နေထိုင်မှုဘဝကို ကြွယ်ဝစေကာ အနာဂတ်မှာ ကွန်ပျူတာသိပ္ပံနည်းပညာကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်မျှော်လင့်ကြောင်း ပြောကြားတယ်။