马宁

တရုတ်နှင့် ပေါင်းသင်းဆက်ဆံမှုကို ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်တွန်းအားပေးမည်ဟု မလေးရှားဝန်ကြီးချုပ် ဆို

(GMT+08:00)2019-05-27 14:58:22  

  တရုတ်နှင့်မလေးရှား သံတမန်အဆက်အသွယ် ထားရှိခဲ့သည့် ၄၅နှစ်ပြည့်မြောက်နှစ်ကို အထိမ်းအမှတ်ပြုသော အခါသမယတွင် မလေးရှားဝန်ကြီးချုပ် မဟာသီယာက မလေးရှား အစိုးရသည် မလေးရှား-တရုတ် ဆက်ဆံရေးကို အားဖြည့်လုပ်ဆောင်ရန်၊ တရုတ်နှင့်အတူ ပိုမိုနွေးထွေးပြီး အဓိပ္ပါယ်ရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးမည်ဟု မကြာခင်က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

  ဘက်အသီးသီးတို့အနေနှင့် “Belt and Road ကမ်းလှမ်းချက်”မှ ဆောင်ကြဉ်းလာ သော အကျိုးစီးပွားမှန်သမျှကို မျှဝေနိုင်သောကြောင့် မလေးရှားသည် “Belt and Road ကမ်းလှမ်းချက်”ကို ထောက်ခံကြောင်း၊ မဟာသီယာက ပြောကြားပါသည်။