张晓宁

၂၀၁၉ခုနှစ်”Culture of China•Water Cube Cup”တရုတ်သီချင်းဆိုပြိုင်ပွဲ အင်ဒိုနီးရှားတွင် ဖိုင်နယ်အဆင့်ပြိုင်ပွဲကို ဂျကာတာ၌ ပြီးဆုံး

(GMT+08:00)2019-05-27 15:18:29  

၂၀၁၉ခုနှစ်”Culture of China•Water Cube Cup”တရုတ်သီချင်းဆိုပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်င ဂျကာတာ၌ ဖိုင်နယ်အြဆင့်ပြိုင်ပွဲကို ကျင်းပခဲ့သည်။ အင်ဒိုနီးရှားဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကျိုဒီနှင့် ဂျကာတာတရုတ်ဘာသာစကားပညာရေး ညှိနှိုင်းဆွေးနွေခြင်း အေဂျင်စီ ဥက္ကဋ္ဌကျင့်ညန်ကျင်တို့သည် ညနေခင်းတွင်ကျင်းပသော ပိတ်ပွဲအခမ်းအနားသို့တက်ရောက်၍ ထိပ်တန်းဆုရရှိသည့် လက်ရွေးစင်အား ဆုဖလားနှင့်ဆုငွေကို ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ဂျကာတာတရုတ်ဘာသာစကားပညာရေး ညှိနှိုင်းဆွေးနွေခြင်း အေဂျင်စီ အမှုဆောင် ဥက္ကဋ္ဌဆန်ချန်ကျယ်က တရုတ်အနွယ်ဖွားများပါဝင်သည့် တရုတ်သီချင်းပြိုင်ပွဲသည် သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်ရုံသာမကဘဲ သင်ယူဖလှယ်သော ပလက်ဖောင်းတစ်ခုလည်း ဖြစ်ကြောင်း၊ ယင်းလူကြိုက်များသော ဖလှယ်ရေးနည်းလမ်းဖြင့် အင်ဒိုနီးရှားလူငယ်များ၏ တရုတ်ဘာသာစကားသင်ယူဖို့ စိတ်ဝင်စားမှုကို တိုးပွားစေပြီး အင်ဒိုနီးရှား၏ တရုတ်ဘာသာစကားပညာရေးတိုးတက်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။