徐敏霞

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန့် တာဝန်သက်တမ်း ကုန်ဆုံးတော့မည်၊ ရန်ကုန်၌ ဧည့်ခံပွဲ ကျင်းပ

(GMT+08:00)2019-05-26 10:37:26  

图片默认标题_fororder_2、 中国驻缅甸大使洪亮致辞(洪荃诠 摄)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်သည် တာဝန်သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်ပြီး ယခုလ ၂၄ ရက်နေ့က ရန်ကုန်မြို့၌ ဧည့်ခံပွဲကို ကျင်းပခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် မြန်မာနိုင်ငံ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အသင်းအဖွဲ့များ၊ ကုန်သွယ်ရေး အသင်းများမှ ပုဂ္ဂိလ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံအသီးသီးမှ သံတမန် အရာရှိများ စုစုပေါင်း လူ ၅၀၀ ကျော်တို့သည် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။