徐敏霞

ကုလသမဂ္ဂညီလာခံသည် ဒုတိယအကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် အောင်ကျိုးစာတမ်းကို တရားဝင် စာတမ်း အဖြစ် ဖြန့်ဝေ

(GMT+08:00)2019-05-25 10:27:40  

ယခုလ ၂၄ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံသည် ဒုတိယအကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပြောကြားသော မိန့်ခွန်းနှင့် စားပွဲဝိုင်း ထိပ်သီး အစည်းအဝေးတွင် ပူးတွဲ ကြေညာစာတမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ တရားဝင် စာတမ်းအဖြစ် ဖြန့်ဝေခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဒုတိယအကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို ဧပြီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပီကင်း၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။