张晓宁

Aliyunနှင့် မလေးရှားသိပ္ပံနည်းပညာကုမ္ပဏီတို့ပူးပေါင်း၍ စမတ်လမ်းပန်းဆက်သွယ်ရေး စနစ် တီထွင်

(GMT+08:00)2019-05-24 15:22:40  

တရုတ်Alibabaကုမ္ပဏီအုပ်စု၏ Cloud Computingနှင့် AIသိပ္ပံနည်းပညာကုမ္ပဏီ Aliyunသည်မလေးရှားစမတ်လမ်းပန်းဆက်သွယ်ရေးကုမ္ပဏီ“စယ်နာလမ်းပန်းဆက်သွယ်ရေးစနစ်”နှင့်ပူးပေါင်း၍ မလေးရှားတွင်  စမတ်လမ်းပန်းဆက်သွယ်ရေးစနစ်ကို တီထွင်မည်ဖြစ်ကြောင်း ယမန်နေ့ ၂၃ရက်နေ့က Aliyunက ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

  စယ်နာကုမ္ပဏီမန်နေဂျာချန်ဝင်ဖူက Aliyunနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် စယ်နာကုမ္ပဏီသည် မြို့ပြယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရန်ပိုမိုကောင်းမွန်သော နည်းလမ်းများ ရှကြရရှိမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် နှစ်ဖက်တို့သည် မြို့ပြစီမံခန့်ခွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးစသော နယ်ပယ်အသီးသီးတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ပြီး ပိုမိုပြည့်ဝသော စမတ်မြို့ပြစီမံခန့်ခွဲရေးပလက်ဖောင်းကို အတူတကွ တည်ထောင်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။