刘晓宇

လီခေ့ချန်နှင့် ဟိန်ဆွီကစ် တွေ့ဆုံဆွေးနွေး

(GMT+08:00)2019-05-24 14:52:17  

        ယခုလ ၂၃ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် အလည်အပတ်ရောက်ရှိလာသော စင်ကာပူဒုဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး ဟိန်ဆွီကစ်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုသို့ တွေ့ဆုံရာတွင် လီခေ့ချန်က မျက်မှောက်အချိန်တွင် တရုတ်-စင်ကာပူ ကူးလူးဆက်ဆံမှု အရှိန်အဟုန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ တရုတ်ဘက်သည် စင်ကာပူနိုင်ငံနှင့်အတူ အဆင့်မြင့် ကူးလူးဆက်ဆံမှုကို ဆက်လက် ရင်းနှီးစွာ ပြုလုပ်ပြီး Belt and Road အဆိုပြုချက်နှင့် စင်ကာပူ၏ ဖွံ့ဖြိုးရေး မဟာဗျူဟာကို ပိုမိုမှန်ကန်စွာ ဆက်နွှယ်ထားညီညွတ်စေပြီး နှစ်နိုင်ငံ ဒုဝန်ကြီးချုပ် အဆင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး စနစ်ဖြင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာ ပြုလုပ်ကာ နှစ်နိုင်ငံ ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်သို့ ရောက်ရှိရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။