张晓宁

ကမ္ဘောဒီးယားတွင် နိုင်ငံခြားလူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲမှုပိုမိုတင်းကျပ်စွာဆောင်ရွက်

(GMT+08:00)2019-05-24 15:20:09  

မကြာခင်က ကမ္ဘောဒီးယားပြညထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနချုပ်မှ ရရှိသောသတင်းအချက်အလက်တွင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနချုပ်သည် ကမ္ဘောဒီးယားရှိ နိုင်ငံခြားသားများ၏အချက်အလက်များကို ပိုမိုထိရောက်လျင်မြန်စွာ သိရှိရန် နိုင်ငံခြားသားများစီမံခန့်ခွဲရေးစနစ်သစ်ကို အသုံးချမည်ဖြစ်ကြောင်း ဖော်ပြသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

 ကမ္ဘောဒီးယားလူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနချုပ်ဒုညွှန်ကြားရေးမှူးချုပ် ကော်ဝမ်ထွန်းက နိုင်ငံခြားသားများစီမံခန့်ခွဲရေးစနစ်သစ်က တပ်ဆင်စစ်ဆေးနေကြောင်း၊ နိုင်ငံခြားသားများ ဟိုတယ်တွင်တည်းခိုရာမှာ သူတို့Passportအချက်အလက်များကို နိုင်ငံခြားသားများ စီမံခန့်ခွဲရေးစနစ်သို့ပေးပို့သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။