辛甜

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတည်ထောင်သည့် ၆ နှစ်မြောက်အထိမ်းအမှတ်အခမ်း အနားကို ရန်ကုန်၌ ကျင်းပ

(GMT+08:00)2019-05-24 14:52:58  

   

图片默认标题_fororder_1

图片默认标题_fororder_2.JPG

图片默认标题_fororder_3.JPG

     မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတည်ထောင်သည့် ၆ နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားကို မကြာခင်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ နိုင်ငံရေးသံမှူး ယန်ရှူကျင်နှင့် တရုတ်-မြန်မာ နယ်ပယ် အသီးသီးမှ ချစ်ကြည်ရေးပုဂ္ဂိုလ်များသည် ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ကြသည်ဟု စီအာအိုင်သတင်းအရသိရသည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းကို ၂၀၁၃ခုနှစ် မေလ ၃၀ ရက်နေ့က တည်ထောင်ခြင်းဖြစ်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ခင်ရင်းနှီးမှုကို တိုးပွားစေပြီး နှစ်နိုင်ငံ ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်နယ်ပယ်များတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ရည်ရွယ် ကြောင်း သိရသည်။