辛甜

တရုတ်နိုင်ငံ၏အကူအညီဖြင့် အမျိုးသားဇာတ်ရုံ(ရန်ကုန်)ပြုပြင်မွမ်းမံခြင်း စတင်သည့် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်၌ ကျင်းပ

(GMT+08:00)2019-05-23 11:07:43  

    

图片默认标题_fororder_5 缅甸国家剧院铭牌:该剧院由中国援建,1985年签约,1990年建成投入使用.JPG

图片默认标题_fororder_2 中国驻缅甸大使洪亮在开工仪式致辞.JPG

图片默认标题_fororder_3 缅甸艺术家在开工仪式表演舞蹈.JPG

图片默认标题_fororder_1 开工仪式现场嘉宾合影(后排右五为中国驻缅甸大使洪亮,右四为缅甸宗教事务与文化部部长昂哥,右三为仰光省首席部长吴漂敏登).JPG

图片默认标题_fororder_4 缅甸国家剧院外景.JPG

       တရုတ်နိုင်ငံ၏အကူအညီဖြင့် အမျိုးသားဇာတ်ရုံ(ရန်ကုန်)ပြုပြင်မွမ်းမံခြင်း စတင်သည့် အထိမ်းအမှတ်အခမ်းအနားကို ယခုလ ၂၁ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန့်၊ မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်ဟု စီအာအိုင်သတင်း အရသိရသည်။

       ပြုပြင်မွမ်းမံရေးလုပ်ငန်းကို လက်ခံသော ဘေကျင်းဆောက်လုပ်ရေးအုပ်စု လီမိတက် ကုမ္ပဏီမှ ပါရဂူများသည် ရန်ကုန်မြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်ဘက်သည် မြန်မာဘက်၏ အခြေအနေနှင့် လိုအပ်ချက်အရ ဇာတ်ရုံ၏ ပရိသတ်ခန်းမ၊ ဇာတ်ခုံ၊ ဧည့်သည်တော်အခန်း စသည့်နေရာများကို အဆင့်မြှင့်တင်ပြီး လျှပ်​​စစ်​​မီးသီးတပ်ဆင်မှု များ​၊ အသံချဲ့စက်တပ်ဆင်မှုများ စသည့်ကိ​ရိ​ယာ​များ​ကို ပြောင်းလဲတပ်ဆင် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။