张晓宁

ထိုင်း-တရုတ်သံတမန်ဆက်ဆံမှုထားရှိသော ၄၄နှစ်နှင့် ထိုင်း-တရုတ်အနုပညာရှင်များသမဂ္ဂ တည်ထောင်သည့်နှစ်၂၀ပြည့် ဂုဏ်ပြုပွဲအခမ်းအနားဘန်ကောက်တွင်ကျင်းပမည်

(GMT+08:00)2019-05-23 15:47:01  

Belt and Road အဆိုပြုချက်တွင် တက်ကြွစွာပါဝင်ရန်၊ နိုင်ငံရေးအပြန်အလှန် ယုံကြည်မှုရှိပြီး စီးပွားရေးရောနှောပေါင်းစပ်မှုရှိကာ ယဉ်ကျေးမှုဆိုင်ရာအချင်းချင်း သိရှိနားလည်မှုရှိသောအကျိုးစီးပွားအသိုက်အဝန်း၊ ကံကြမ္မာအသိုက်အဝန်းနှင့် တာဝန်ဝတ္တရားအသိုက်အဝန်းများကို ထူထောင်ရန် ထိုင်း-တရုတ်အနုပညာရှင်များ သမဂ္ဂနှင့် ထိုင်း-တရုတ်စီးပွားကုန်သွယ်ရေးကူးလူးဖလှယ်မှုစင်တာတို့ ကြီးမှူး ကျင်းပကြသော “ထိုင်း-တရုတ်သံတမန်ဆက်ဆံမှုထားရှိသော၄၄နှစ်နှင့် ထိုင်း-တရုတ် အနုပညာရှင်များသမဂ္ဂ တည်ထောင်သည့်နှစ်၂၀ပြည့် ဂုဏ်ပြုပွဲအခမ်းအနား” သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ ၂၂ရက်နေ့က ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည်။ သတင်းစာရှင်းလင်းပွဲမှ သတင်းအရ “ထိုင်း-တရုတ်သံတမန်ဆက်ဆံမှုထားရှိသော ၄၄နှစ်နှင့် ထိုင်း-တရုတ်အနုပညာရှင်များသမဂ္ဂ တည်ထောင်သည့်နှစ်၂၀ပြည့် ဂုဏ်ပြုပွဲအခမ်းအနား”ကို ယခုနှစ်အောက်တိုဘာလ ၂၆ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း၊ ထိုင်း-တရုတ်အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု စီအာအိုင်သတင်းအရသိရပါသည်။