辛甜

တတိယအကြိမ်မြန်မာ-တရုတ်ပညာရှင်အဖွဲ့အဆင့်မြင့်ဖိုရမ်ကို ရန်ကုန်၌ကျင်းပ

(GMT+08:00)2019-05-22 11:13:10  

图片默认标题_fororder_2.JPG

图片默认标题_fororder_1.JPG

图片默认标题_fororder_3

တတိယအကြိမ် မြန်မာ-တရုတ်ပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်ကို မေလ ၂၁ ရက်နေ့က ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာသုတေသနဌာန ဥက္ကဋ္ဌဦးညွန့်မောင်ရှိန်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီးလီရှောင်ယဲ့၊ ယူနန်ပြည်နယ် လူမှုသိပ္ပံပညာတံခွန်အသင်းဥက္ကဋ္ဌဟိုဇူခွန်နှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ပညာရှင်များ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်ဟု စီအာအိုင်သတင်းအရ သိရသည်။

ယခုအကြိမ်ဖိုရမ်ကို ၂ ရက်ကြာကျင်းပမည်ဖြစ်ပြီး ဆွေးနွေးရန်အကြောင်းအရာ ၄ ခု ထားရှိကာ တရုတ်-မြန်မာစီးပွားကုန်သွယ်မှုဆက်ဆံရေးနှင့် နယ်စပ်ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူအချင်းချင်း သိရှိနားလည်စေရေး၊ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံဖြတ်ကျော်လူမျိုးများကူးလူးဖလှယ်ရေးတို့ပါဝင်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ ပညာရှင်များသည် ယင်းအကြောင်းအရာများနှင့်ပတ်သက်၍ ကျယ်ပြန့် နက်ရှိုင်းစွာ နှီးနှောဖလှယ်မည်ဖြစ်ကြောင်း သိရသည်။