张晓宁

တရုတ်မှ ကူညီထောက်ပံ့သော လာအိုစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ သတင်း အချက်အလက်စနစ် ပြုပြင်ရေးအစီအစဉ်ဖွင့်လှစ်

(GMT+08:00)2019-05-22 17:05:33  

ယမန်နေ့၂၁ရက်နေ့က တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သော လာအိုစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ သတင်း အချက်အလက်စနစ် ပြုပြင်ရေးအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို လာအိုနိုင်ငံဗီယင်ကျန်းမြို့တော်တွင်ကျင်းပခဲ့ကြောင်း၊ လာအိုနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး ယမ်ချီဟွေးသည် အခမ်းအနားသို့တက်ရောက်၍ အမှာစကားလည်းပြောကြားခဲ့ကြောင်း၊ လာအိုစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးစွန်ချီနှင့် တရုတ်-လာအိုအလွှာပေါင်းစုံမှ ကိုယ်စားလှယ် ၁၀၀ခန့်သည် အခမ်းအနားသို့တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။