张晓宁

ထိုင်းတွင်တရုတ်တိုင်းရင်းဆေးသမားတော်မွမ်းမံသင်တန်းအစီအစဉ်မှ လူ၂၀၀ကျော် အောင်လက်မှတ်ရရှိ

(GMT+08:00)2019-05-22 17:04:31  

ယခုလ၂၀ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့”ကျိုရွက်တရုတ်တိုင်းရင်းဆေးသမားတော်မွမ်းမံအခြေခံစခန်း”တွင် ၆ရက်ကြာသော၂၀၁၉ခုနှစ် တရုတ်တိုင်းရင်းဆေး သမားတော်မွမ်းမံသင်တန်းအစီအစဉ်ပြီးဆုံးခဲ့သည်။ ထိုင်းနိုင်ငံ ပြည်နယ်အသီးသီးမှ မှတ်ပုံတင်တရုတ်တိုင်းရင်းဆေးသမားတော်၅၀သည် ယင်းမွမ်းမံ သင်တန်းသို့ တက်ရောက်ခဲ့ကြကြောင်း၊ ၂၀၁၆ခုနှစ်မတ်လက ယင်းအစီအစဉ် စတင်ကတည်းက ယခုအထိ လူ၂၀၀ကျော်သည် မွမ်းမံသင်တန်းအောင်လက်မှတ်ရရှိခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။