ကွေ့အန်မြို့သစ်ဟာ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့နဲ့ အန်ရွှင့်မြို့ဆက်စပ်တဲ့နေရာမှာ တည်ရှိပြီး ၂၀၁၄ခုနှစ် ဇန်နဝါရီလက နိုင်ငံတော်ကောင်စီမှ ခွင့်ပြုချက်အရ တည်ထောင်တဲ့ ၈ ခုမြောက် နိုင်ငံတော်အဆင့်မြို့သစ်ဖြစ်ပါတယ်။ တည်ထောင်ပြီးတဲ့ ၅ နှစ်အတွင်း ကွေ့အန်မြို့သစ်ဟာ Big Data လုပ်ငန်းကို အဓိကလုပ်ငန်းအဖြစ် ပြုစုပျိုးထောင်ပြီး Apple၊ Qualcomm ၊ ဟွာဝေး၊ Tencent စတဲ့နာမည်ကျော်ကုမ္ပဏီများကို ဆွဲဆောင်နိုင်ခဲ့ကာ Big Data စင်တာ၊ ဆော့ဖ်ဝဲ့ဝန်ဆောင်မှု၊ အဆင့်မြင့်စက်ကိရိယာထုတ်လုပ်မှု အပါအဝင် Big Data အပေါင်းအစုကို အခြေခံအားဖြင့် ဖြစ်တည်ခဲ့တယ်လို့ စီအာအိုင်သတင်းအရသိရ ပါတယ်။