张晓宁
Wednesday, 5  Mar 2025

တရုတ်ကျန်းရှီးပြည်နယ်တွင် ထိုင်းရင်းနှီးမြှုပ်နှံရေးအခွင့်အလမ်းများမိတ်ဆက်ပွဲကို ကျင်းပ

(GMT+08:00)2019-05-20 15:06:50  

 ၁၁ကြိမ်မြောက်တရုတ်အလယ်ပိုင်းဒေသရင်းနှီးမြှုပ်နှံရေးနှင့်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ကျင်းပစဉ်အတွင်း ယမန်နေ့၁၉ရက်နေ့က ထိုင်းရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းများ မိတ်ဆက်ပွဲကို ကျန်းရှီးပြည်နယ် နန်ချမ်းမြို့တွင် ကျင်းပခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ကျန်းရှီးပြည်နယ်ကုန်သွယ်မှုတိုးမြှင့်ရေးအသင်း ဒုဥက္ကဋ္ဌကျော့ရှန့်ရန်က ကျန်းရှီးနှင့်ထိုင်းအကြား ကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုအခြေခံ၊ ရရှိရန်ခက်ခဲသော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများနှင့် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်ရန် ရှေ့အလားအလာရှိကြောင်း၊ လက်ရှိအကြိမ် တရုတ်အလယ်ပိုင်းဒေသ ရင်းနှီးမြှုပ်နှံရေးနှင့် ကုန်သွယ်ရေးကုန်စည်ပြပွဲမှတဆင့် ကျန်းရှီးနှင့်ထိုင်းအကြား ပိုမိုကျယ်ပြန့်သော အတိုင်းအတာ၊ ပိုမိုများပြားသောနယ်ပယ်များနှင့် ပိုမိုမြင့်မားသော အဆင့်တွင် ကူးလူးဖလှယ်မှုတိုးမြှင့်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။