徐敏霞

တရုတ် ရုပ်ရှင် သီတင်းပတ် လှုပ်ရှားမှု မဒဲကျွန်း၌ ကျင်းပ

(GMT+08:00)2019-05-20 09:59:27  

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_f8acab9b-bc03-4e8d-95ed-a267b762c910

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_75e92fce-7c27-44e7-8fd6-ced927b2b031

မကြာမီက တရုတ် ရုပ်ရှင် သီတင်းပတ် လှုပ်ရှားမှုကို မြန်မာနိုင်ငံ မဒဲကျွန်း၌ ကျင်းပခဲ့ရာ ၇ ရက်ကြာ ရုပ်ရှင် သီတင်းပတ် ကာလအတွင်း ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်ရှင်ကား၊ ဟာသကား၊ အက်ရှင်ကား၊ စွန့်စားကား၊ စစ်ကား အပါအဝင် အမျိုး ၇ မျိုး ဖြစ်သည့် မြန်မာ နောက်ခံ စကားပြော တရုတ် ရုပ်ရှင်ကားများကို ပြသခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မဒဲကျွန်း ဒေသခံ ၅၀၀ ကျော်တို့သည် အထက်ပါ တရုတ် ရုပ်ရှင်ကားများကို ကြည့်ရှု ခဲ့ကြကြောင်း၊ ၄င်းတို့က တရုတ် ရုပ်ရှင်ကားများကို ကြည့်ခြင်းအားဖြင့် တရုတ် ယဉ်ကျေးမှုကို ပိုမို နားလည် သိရှိ ကြိုက်နှစ်သက်လာသည်ဟု အသီးသီး ဖေါ်ပြ ခဲ့ကြကြောင်း သတင်းရရှိပါသည်။ (ကျော့)