辛甜

အာရှယဉ်ကျေးမှုကာနီဗယ်က ဝေဟင် matrix သည် ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်

(GMT+08:00)2019-05-17 10:59:23  

  

图片默认标题_fororder_1

图片默认标题_fororder_2

图片默认标题_fororder_3

图片默认标题_fororder_4

အာရှယဉ်ကျေးမှုဆွေးနွေးပွဲကို ယခုလ ၁၅ ရက်နေ့က ဘေကျင်း၌ ဖွင့်လှစ်ခဲ့ပြီး ထိုနေ့ညက တရုတ်ဗဟိုမီဒီယာအုပ်စုမှ ကြီးမှူးကျင်းပသော အာရှယဉ်ကျေးမှုကာနီဗယ်ကို တစ်ကမ္ဘာလုံးအား တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။ အာရှယဉ်ကျေးမှုကာနီဗယ်မှ အဓိကထုတ်လုပ်သူက ကာနီဗယ်အတွက် သီးသန့်ဒီဇိုင်းဆွဲသော စူပါအကြီးစား မီဒီယာစုံ ဇာတ်ခုံပေါ်ရှိ ဝေဟင် matrix သည် ဂင်းနစ်စေလွှတ်သော တိုင်းထွာရေးကုမ္ပဏီမှ တင်းကျပ်စွာ တိုင်းထွာမှုဖြင့် အကြီးဆုံး 3D LED matrix ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်ခဲ့ သည်ဟု ယမန်နေ့ ၁၆ ရက်နေ့က ပြောကြားခဲ့ပါသည်။

၁၅ ရက်နေ့ညက တိုက်ရိုက်ထုတ်လွှင့်ပြသရေးလုပ်ငန်းအားလုံးပြီးဆုံးပြီးနောက် ဂင်းနစ် စေလွှတ်သော တိုင်းထွာရေးကုမ္ပဏီမှ တင်းကျပ်စွာ တိုင်းထွာမှုဖြင့် ဝေဟင် matrix ၏ အရှည်မှာ မီတာ ၇၄.၅၃ မီတာရှိပြီး အကျယ်မှာ ၁၉.၂၈၉ မီတာရှိကာ အမြင့်မှာ ၁၅.၂၂၄ မီတာရှိ၍ မီးသီး၃သိန်း ၉ သောင်းဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်ခဲ့ ကြောင်း သိရပါသည်။

ကာနီဗယ်အထွေထွေထုတ်လုပ်သူ ရှာရှောင်လန်သည် ၂၀၀၈ခုနှစ် ဘေကျင်းအိုလံပစ် အားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားမှ အဓိကထုတ်လုပ်သူတစ်ဦးလည်းဖြစ်ပါသည်။သူက ၂၀၀၈ခုနှစ်က မိမိသည် ငှက်သိုက်အားကစားကွင်းသို့ ဝင်ရောက်သည့်အချိန်တွင် ၈၀ ရာခိုင်နှုန်းသော စက်ကိရိယာကို ပြည်ပမှ တင်သွင်းလာခြင်းဖြစ်ကြောင်း၊ ယခု ငှက်သိုက်အားကစားကွင်းသို့ တစ်ကြိမ်ထပ်မံဝင်ရောက်ပြီး ၉၀ရာခိုင်နှုန်းသော စက်ကိရိယာများသည် ပြည်တွင်းထုတ်ဖြစ်ကြောင်း ပြောကြားသည်။