徐敏霞

အာရှ ယဉ်ကျေးမှု အပြန်အလှန် အတုယူ ကိုးကားရေးနှင့် လူသား ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရေးဖိုရမ် ကျင်းပ

(GMT+08:00)2019-05-16 09:33:21  

图片默认标题_fororder_共同体2

图片默认标题_fororder_共同体1

အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲ၏ ဖိုရမ် တစ်ခု အဖြစ်ဖြင့် အာရှ ယဉ်ကျေးမှု အပြန်အလှန် အတုယူ ကိုးကားရေးနှင့် လူသား ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရေးဖိုရမ်ကို ယခုလ ၁၅ ရက်နေ့ ညနေပိုင်းက ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ အာရှနှင့် အခြားနိုင်ငံနှင့်ဒေငသမှ နိုင်ငံတကာ အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အစိုးရ အရာရှိများ၊ တတ်သိပညာရှင်များအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နာမည်ကြီး ပညာရှင်များ၊ လုပ်ငန်းကုမ္ပဏီမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း လူ ၂၀၀ ကျော်တို့သည် ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် လူမှုသိပံ္ပပညာ တံခွန်အသင်းကြီး ဥက္ကဋ္ဌသည် ဖိုရမ်၌ မိန့်ခွန်း ပြောကြားပြီး အဆိုပြုချက် သုံးရပ်ကို တင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။ (ကျော့)