徐敏霞

ရှီကျင့်ဖိန်၊ ဖုန်လိယွမ်နှင့် အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲ တက်ရောက်လာသော နိုင်ငံအသီးသီးမှ ခေါင်းဆောင်များသည် အာရှ ယဉ်ကျေးမှု ကာနီဗယ်ပွဲတော် တက်ရောက်

(GMT+08:00)2019-05-16 09:31:58  

图片默认标题_fororder_CqgNOlzcfTCAE0BXAAAAAAAAAAA628_1062x598

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ယခုလ ၁၅ ရက်နေ့ညက ပီကင်း နိုင်ငံတော် အားကစားရုံ၌ အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲ တက်ရောက်လာသော နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့်အတူ အာရှ ယဉ်ကျေးမှု ကာနီဗယ်ပွဲတော်သို့ တက်ရောက်ခဲ့ကြကြောင်း၊ ရှီကျင့်ဖိန်သည် တရုတ်အစိုးရနှင့် ပြည်သူများ ကိုယ်စား နိုင်ငံအသီးသီးမှ ဧည့်သည်တော်များနှင့် အနုပညာရှင်များအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည်ဟု ဖေါ်ပြပြီး အာရှ ယဉ်ကျေးမှု ကာနီဗယ်ပွဲတော် တရားဝင် စတင်သည်ဟု ကြေညာခဲ့ကြောင်း၊ ရှင်သန်မှု ပြည့်ဖြိုးသော ကာနီဗယ်၊ အာရှ အိပ်မက် အတူ ဖေါ်ဆောင်ခြင်း ဆောင်ပုဒ် ဖြစ်သည့် ယခုအကြိမ် ကာနီဗယ် ပွဲတော်သည် အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲ၏ အရေးကြီး လှုပ်ရှားမှု တစ်ရပ် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ အာရှ နိုင်ငံအသီးသီးတို့ အားလုံး ရွှမ်းတင့်ပြီး သမိုင်းသက်တမ်း ကြာမြင့်သော ယဉ်ကျေးမှုများ ရှိပြီး ကိုယ့်ထူးခြားချက်ကိုယ်စီ ရှိ၍ သင့်မြတ် ဖေါ်ရွေစွာ အတူ ယှဉ်တွဲ တည်ရှိနေပါကြောင်း၊ တရုတ်နိုင်ငံသည် ရှေးပဝေသဏီကတည်းကပင် အိမ်နီချင်းကောင်း အတွေးအခေါ်ကို မြတ်နိုးပါကြောင်း၊ တရုတ်ပြည်သူများ အနေနှင့် အာရှ နိုင်ငံအသီးသီးတို့ အပြန်အလှန် ထောက်ခံကူညီပြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွား နိုင်ရန်၊ ကမ္ဘာကြီး တိုးတက်ရေး ဖြစ်စဉ်၌ ချီတက်နိုင်ရန်၊ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်း၌ ဖွံ့ဖြိုး တိုးတက်နိုင်ရန်၊ အာရှနှင့် ကမ္ဘာကြီး၏ သာယာလှပသော အနာဂတ်ရေးကို လက်တွဲ ဖန်တီးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။ (ကျော့)