令狐少萍

လီခေ့ချန်သည် စင်ကာပူသမ္မတဟာလီမာနှင့်တွေ့ဆုံ

(GMT+08:00)2019-05-16 15:49:26  cri

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယခုလ ၁၅ ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် စင်ကာပူသမ္မတဟာလီမာနှင့်တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသ တင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် လီခေ့ချန်က တရုတ်-စင်ကာပူနှစ်နိုင်ငံသည် အပြန်အလှန်လေး စားခြင်း၊တန်းတူညီမျှစွာပူးပေါင်းဆောင်ရွက်ရေးနှင့်အပြန်အလှန်အကျိုးရှိစေရေးအခြေခံပေါ်တွင် ဆက်ဆံမှုတိုးတက်လာနေကြောင်း၊ တရုတ်နိုင်ငံသည် စင်ကာပူ နှင့်လက်တွဲပြီး စိန်ခေါ်မှုများကိုရင်ဆိုင်ပြီး ကမ္ဘာနှင့်ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကျိုး ဆောင်ပေးလိုကြောင်း ပြောကြားခဲ့သည်။

ဟာလီမာက စင်ကာပူနှင့်တရုတ်ဆက်ဆံမှုသည်ဦးလည်မသုန်တိုးတက်နေ ကြောင်း၊ လက်ရှိအချိန်တွင် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုအားကောင်းနေပြီး ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းစဉ်များအဆင်ပြေချောမောပါကြောင်းပြောကြားခဲ့သည်။