宋冉

အာရှ ယဉ်ကျေးမှု ကာနီဗယ် လှုပ်ရှားမှုတွင် ရှီကျင့်ဖိန် မိန့်ခွန်း ပြောကြား

(GMT+08:00)2019-05-15 21:30:13  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၅ ရက်နေ့ညက ပီကင်း၌ ကျင်းပသော အာရှ ယဉ်ကျေးမှု ကာနီဗယ် လှုပ်ရှားမှုတွင် မိန့်ခွန်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ သာယာလှပသော ယနေ့တွင် အာရှ နိုင်ငံအသီးသီးမှ ဧည့်သည်တော်များ၊ အနုပညာရှင်များနှင့် လူငယ် မိတ်ဆွေများသည် ကာနီဗယ် ပုံစံဖြင့် ပျော်ရွှင် သင့်မြတ်သော ယဉ်ကျေးမှု ပွဲတော်ကို အတူ နွှဲပျော်နေကြကြောင်း၊ မိမိသည် တရုတ် အစိုးရနှင့် ပြည်သူများ ကိုယ်စား ဧည့်သည်တော်များနှင့် အနုပညာရှင်များ ကြွရောက်လာခြင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ အာရှ နိုင်ငံအသီးသီးတို့ အားလုံး ရွှမ်းတင့်ပြီး သမိုင်းသက်တမ်း ကြာမြင့်သော ယဉ်ကျေးမှုများ ရှိပြီး ကိုယ့်ထူးခြားချက်ကိုယ်စီ ရှိ၍ သင့်မြတ် ဖေါ်ရွေစွာ အတူ ယှဉ်တွဲ တည်ရှိနေပါကြောင်း၊ တရုတ်နိုင်ငံသည် ရှေးပဝေသဏီကတည်းကပင် အိမ်နီချင်းကောင်း အတွေးအခေါ်ကို မြတ်နိုးပါကြောင်း၊ တရုတ်ပြည်သူများ အနေနှင့် အာရှ နိုင်ငံအသီးသီးတို့ အပြန်အလှန် ထောက်ခံကူညီပြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွား နိုင်ရန်၊ ကမ္ဘာကြီး တိုးတက်ရေး ဖြစ်စဉ်၌ ချီတက်နိုင်ရန်၊ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်း၌ ဖွံ့ဖြိုး တိုးတက်နိုင်ရန်၊ အာရှနှင့် ကမ္ဘာကြီး၏ သာယာလှပသော အနာဂတ်ရေးကို လက်တွဲ ဖန်တီးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။