马宁

၂၀၁၉တရုတ်-အာဆီယံ မီဒီယာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ပီကင်း၌ ကျင်းပ

(GMT+08:00)2019-05-15 11:32:15  

  ၂၀၁၉တရုတ်-အာဆီယံ မီဒီယာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၁၄ရက်နေ့က ပီကင်းမြို့တော်၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်မှာ “အဆင့်သစ်၊ အလားအလာသစ်၊ ပူးပေါင်းဆောင်ရွက်မှုသစ်”ဖြစ်ကြောင်း၊ ဖိုရမ်သို့ တက်ရောက်သူများ သည် ပူးပေါင်းဆောင်ရွက်ပြီး အကျိုးစီးပွား အတူရရှိရေး၏ စာမျက်နှာသစ်ကို ဖွင့်လှစ်ခြင်း၊ ပေါင်းစပ်ပြီး ဖွံ့ဖြိုးတိုးတက်သော အနာဂတ်သစ်ကို ဖန်တီးခြင်း နှင့်ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

  ယခုအကြိမ်ဖိုရမ်ကို တရုတ် နိုင်ငံခြားဘာသာစကား ဗျူရို၊ အာဆီယံဆိုင်ရာ တရုတ်သံတမန်အဖွဲ့၊ တရုတ်-အာဆီယံစင်တာတို့ ပူးတွဲ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပါသည်။