马宁

၁၂ကြိမ်မြောက် အာရှ နိုင်ငံတကာ အဏ္ဏဝါ ကာကွယ်ရေး ပြပွဲကို စင်္ကာပူ၌ ဖွင့်လှစ်

(GMT+08:00)2019-05-15 11:32:42  

  ၁၂ကြိမ်မြောက် အာရှ နိုင်ငံတကာ အဏ္ဏဝါ ကာကွယ်ရေး ပြပွဲကို ၁၄ရက်နေ့က စင်္ကာပူ နိုင်ငံ Changi ပြပွဲ စင်တာ၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းပြပွဲသည် ပါဝင်သူများအတွက် နောက်ဆုံးပေါ် သိပ္ပံပညာသုတေသနအောင်ကျိုးရလဒ်များကို ပြသရန်၊ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကိုပါ ဆွေးနွေးရန်အတွက် ပလက်ဖေါင်း တစ်ခုအဖြစ် ဖန်တီးပေး ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

  အာရှ နိုင်ငံတကာ အဏ္ဏဝါ ကာကွယ်ရေး ပြပွဲကို ၂နှစ်လျှင် ၁ကြိမ် ကျင်းပလေ့ရှိပြီး ယခုအကြိမ်ပြပွဲသည် ၁၆ရက်နေ့တွင် ကျင်းပပြီးစီးမည်ဖြစ်ကြောင်း သိရပါသည်။