徐敏霞

ရှီကျင့်ဖိန်ရဲ့ မိသားစု အပေါ် သံယောဇဉ်

(GMT+08:00)2019-05-14 09:49:38  

图片默认标题_fororder_西2

图片默认标题_fororder_西1

图片默认标题_fororder_西3

图片默认标题_fororder_西4

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ရဲ့ စာအုပ်စင်ပေါ်မှာ ဓါတ်ပုံ လေးပုံ တင်ထားပါတယ်။ အဲဒီဓါတ်ပုံတွေဟာ ရှီကျင့်ဖိန်ရဲ့ မိဘ၊ ဇနီး၊ သမီးတို့ အပေါ် သံယောဇဉ်ကို မှတ်သားထားပါတယ်။

မိသားစု သင့်မြတ်ဖေါ်ရွေ ချမ်းမြေ့ပျော်ရွှင်မှုဟာ နိုင်ငံတော် ခေါင်းဆောင် တစ်ဦးရဲ့ လိုအင်ဆန္ဒ ဖြစ်သလို မိသားစုတိုင်းရဲ့ သာယာလှပတဲ့ ဆန္ဒလည်း ဖြစ်ပါတယ်။ ကျယ့်ကျန်းပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့စဉ်က၊ ရှီကျင့်ဖိန်က၊ ကျွန်တော် နေ့တိုင်း ဇနီး ဖုန်လိယွမ်ကို ဖုန်းဆက်နေတယ်၊ အိမ်ထောင် ကျတာ ဆယ်နှစ်ကျော်ရှိပြီ၊ နေ့တိုင်းနေ့တိုင်း ဒီလို ဖုန်းဆက်တယ်လို့ ပြောတယ်။

တရုတ် ရိုးရာ နွေဦးပွဲတော် အကြိုညမှာ အဆိုတော်ကြီး ဖြစ်တဲ့ ဖုန်လိယွမ်ဟာ မကြာခဏ ဆိုသလို စီစီတီဗီရဲ့ နှစ်သစ်ကူး ပဒေသာကပွဲမှာ ပါဝင် သီချင်းသီဆိုရပါတယ်။ ရှီကျင့်ဖိန်ဟာ တီဗီမှာ ပဒေသာကပွဲ ကြည်ရင်း၊ ဖက်ထုပ် ထုပ်ရင်းနဲ့ ဖုန်လိယွမ်ကို စောင့်လေ့ ရှိတယ်။ ဖုန်လိယွမ် အိမ်ပြန်လာမှ အတူတူ ဖက်ထုပ် ပြုတ်စားတတ်တယ်လို့ သိရပါတယ်။

၂၀၀၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ဟာ ရှီကျင့်ဖိန်ရဲ့ ဖခင် ရှီကျုံရွှင်ရဲ့ အသက် ၈၈ နှစ်အရွယ် မွေးနေ့ ဖြစ်ပါတယ်။ တစ်မိသားစုလုံးက ရှီကျုံရွှင်အတွက် မွေးနေ့ ပါတီ လုပ်ပေးတယ်။ ဒါပေမယ့် အဲဒီတုန်းက ဖူကျန့်ပြည်နယ် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင် နေတဲ့ ရှီကျင့်ဖိန်က အလုပ်များလို့ မွေးနေ့ပါတီ မသွားဖြစ်ဘူး။ စိတ်မကောင်းဖြစ်နေတဲ့ ရှီကျင့်ဖိန်က ဖခင် ရှီကျုံရွှင်ကို စာတစ်စောင်ရေးပြီး ရှင်းပြပါတယ်။ ရှီကျင့်ဖိန်က ကျွန်တော်က ဖေ့ဖေ့ဆီက မွန်မြတ်တဲ့ အကျင့်တရားများစွာကို ဆက်ခံ အတုယူလာ ပါတယ်လို့ ပြောတယ်။ (ကျော့)