辛甜

မြန်မာ့ပြည်ထဲရေးဝန်ကြီးဌာနကို ရဲတပ်ဖွဲ့ သုံး လုံခြုံရေး ပစ္စည်းများ တရုတ်နိုင်ငံမှ လွှဲပြောင်းပေးအပ် ပွဲကျင်းပ

(GMT+08:00)2019-05-14 12:45:19  

တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လှူဒါန်းသည့် ရဲတပ်ဖွဲ့ သုံး လုံခြုံရေး ပစ္စည်းများ လွှဲပြောင်းပေးအပ် သည့် အခမ်းအနားကို ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးရုံး အစည်းအဝေးခန်းမတွင် မေလ ၁၃ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ကမ္ဘာကြီး တည်ငြိမ်ရေးနှင့် ဒေသတွင်း နိုင်ငံများ အေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးတို့ ကို တရုတ်နိုင်ငံက ပါဝင်ကူညီ ဆောင်ရွက်ပေးနေမှု များကို ထောက်ခံလျက်ရှိပါကြောင်း၊ အဆွေတော်တို့ ၏  စိတ်ရင်းစေတနာ ကောင်းများဖြင့် မြန်မာ နိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနသာမက အခြား ၀န်ကြီးဌာနများ၏ လိုအပ်ချက်များကိုလည်း လှူဒါန်း ကူညီပေးနေမှုများ ကြားသိရသည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က  မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုဆောင်ရွက်သော အရေးကြီးသည့်ကာလတွင် နှစ်နိုင်ငံအကျိုးရှိမည့် belt and road ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း တရားဥပဒေ စိုးမိုးရေး၊ စီးပွား ဖွံ့ ဖြိုး တိုးတက် ရေးတွေအတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ဖွံ့ ဖြိုး တိုးတက် ရေးများမှာ ၀န်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ အတွက် တရုတ်ပြည်သူ့  သမ္မတ နိုင်ငံက ဆက်လက် ထောက်ခံ အားပေးပြီး ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်လှူဒါန်းမှု စုစုပေါင်းမှာ CCTV ကင်မရာ ရှစ်လုံး၊ ဆက်စပ်ပစ္စည်း ၆၃ မျိုးတို့  ဖြစ်ကြပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂သိန်း၆သောင်းကျော် ရှိကြောင်းသိရသည်။