辛甜

အာရှယဉ်ကျေးမှုဆွေးနွေးပွဲသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စံနမူနာထူထောင်နိုင်မည်ဟု ထိုင်း-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဆို

(GMT+08:00)2019-05-13 13:26:32  

图片默认标题_fororder_tai

图片默认标题_fororder_tai1

အာရှယဉ်ကျေးမှုဆွေးနွေးပွဲကို ယခုလ ၁၅ ရက်နေ့တွင် ဘေကျင်းမြို့၌ ဖွင့်လှစ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း၊ ထိုင်း-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ကွန် ဒါဘာရန်စီသည် ဖိတ်ကြားချက်အရ အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ မကြာခင်က ဥက္ကဋ္ဌ ကွန် ဒါဘာရန်စီသည် စီအာအိုင်သတင်းထောက်နှင့် တွေ့ဆုံခဲ့ရာ ယခုအကြိမ် အာရှယဉ်ကျေးမှု ဆွေးနွေးပွဲသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စံနမူနာထူထောင်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။

ကွန် ဒါဘာရန်စီသည် တရုတ်ပြည်သို့ ၁၄၇ ကြိမ် ခရီးလှည့်လည်ခဲ့ဖူးပြီး နှစ် ၄၀ ကျော် အတွင်း တရုတ်ပြည်၏ ကြီးမားသော ပြောင်းလဲမှုကို မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ပါသည်။ အာရှယဉ်ကျေးမှုဆွေးနွေးပွဲသည် အာရှယဉ်ကျေးမှုနှင့် ကမ္ဘာ့ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အတွက် ပါဝင်သော အခန်းကဏ္ဍကို ပြောမိတဲ့အခါ သူက နှစ် ၄၀ ကျော် တံခါးဖွင့်ရေးနှင့် ပြုပြင်ပြောင်းလဲရေးဖြင့် တရုတ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အောင်မြင်မှု များစွာ ရရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီး ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ယဉ်ကျေးမှု မှီငြမ်းပြုရေး တိုးမြှင့်ရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် ယုံကြည်ကြောင်း ပြောကြားသည်ဟု စီအာအိုင်သတင်းအရသိရ သည်။